စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ
(၂၀၂၄) ဖြင့်ဆောင်ရွက်မည့် စီမံကိန်းတွင်
ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်
ကျွမ်းကျင်ပညာရှင်များအား ဖိတ်ခေါ်ခြင်း
(Expression of Interest)
၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတွင် ဆောင်ရွက်မည့် "Promoting Eco-Innovation and Green Practices of MSMEs in Mekong-Countries and People Republic of China" စီမံကိန်းကို စိတ်ပါဝင်စားသူ ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါသည်။
၂။ စိတ်ပါဝင်စားသည့် ပညာရှင်များသည် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ(Ecpression of Interest) ကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မူဝါဒနှင့်ပြည်ပရေးရာဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်သို့ လိပ်မူလျက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ ညနေ(၄)နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရမည် ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ(EOI) ပုံစံနှင့် TOR တွင် ပါရှိသည့် သတ်မှတ်ချက်ပါ စာရွက်စာတမ်းများကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ်(၃၇) တွင် ၁၇.၂.၂၀၂၅ ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်-
ဖုန်း ၀၆၇-၃၄၀၈၁၂၈ ၊ ၀၉-၄၅၀၀၃၀၀၇၆