THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းအမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ပိုင...

စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းအမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ပိုင် မြေကွက်အမှတ် (၄၇၆)ရှိ မြေလွတ်(၉.၄၁)ဧကအား ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - Eol) ခေါ်ယူခြင်း


Thu 09-01-2025 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ပိုင်
မြေကွက်အမှတ် (၄၇၆)ရှိ မြေလွတ်(၉.၄၁)ဧကအား
ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက်
စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - Eol) ခေါ်ယူခြင်း

၁။    ရန်ကုန်တိုင်းဒေသကြီး၊ တော်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၁)၊ (၂၃) ရပ်ကွက်၊ မိုးကုတ်လမ်း၊ အမှတ်(၄၇၆) တွင် တည်ရှိသည့် မြေလွတ် (၉.၄၁) ဧကအား စက်မှုထုတ်ကုန်နှင့်စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကာလတို (၅) နှစ် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှု
ဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest-Eol) ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။    ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုအဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၁၃-၂-၂၀၂၅) ရက်နေ့၊ ညနေ (၃း၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
၃။    အဆိုပြုလွှာပုံစံနှင့် အခြား သက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖော်ပြသည့် တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာအထောက်အထားများနှင့် သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၁၃-၁-၂၀၂၅) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။ (သိရှိသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း - ၀၆၇-၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆) 

 


Top