မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ရှိ အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)တွင် စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း၊ အမှတ်စဉ် (၁၃) ဖွင့်လှစ်မည်ဖြစ်ပါ၍ သင်တန်းတက်ရောက်ရန် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။ လျှောက်ထားသူများတွင် ရှိရမည့် သတ်မှတ်အရည်အချင်းများ၊ လိုအပ်မည့်စာရွက်စာတမ်းများ၊ သင်တန်းဆိုင်ရာအချက်အလက်များအကြောင်း အသေးစိတ်ပါဝင်သည့် သင်တန်းဝင်ညွှန်ကြားလွှာနှင့် သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်တွင် Download ရယူကြည့်ရှုနိုင်ပါသည်။