THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စက်မှုသင်တန်းကျောင်းများတွင် အသုံးပြ...

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စက်မှုသင်တန်းကျောင်းများတွင် အသုံးပြုရန်အတွက် စက်နှင့်စက်ပစ္စည်းများအားဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Tue 26-11-2024 Directorate of Industrial Collaboration

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်နှင့်စက်ပစ္စည်းများဝယ်ယူခြင်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စက်မှုသင်တန်းကျောင်းများတွင် အသုံးပြုရန်အတွက် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းအသုံးစရိတ်(စက်နှင့်စက်ပစ္စည်း)ခေါင်းစဉ်မှ အောက်က်ဖော်ပြပါ စက်နှင့်စက်ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူဆောင်ရွက်ရန် ရှိပါသဖြင့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

Lot အမည် ကျောင်းအမည် စဉ် လုပ်ငန်းအမည်
Lot-5 စသက(၅) မကွေး (က) Automobile ဘာသာရပ်အတွင် လက်တွေ့သင်ကြားရေးတွင် အသုံးပြုမည့်
      သင်ထောက်ကူစက်နှင့်စက်ပစ္စည်း(၂၀)မျိုး

    တင်ဒါပုံစံစတင်ရောင်းချမည့်ရက်    -    ၂၂.၁၁.၂၀၂၄
    တင်ဒါပိတ်မည့်ရက်နှင့်အချိန်          -    ၂၈.၁၁.၂၀၂၄ (၁၆း၀၀)နာရီ
    တင်ဒါပေးသွင်းရမည့်နေရာ            -    ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်
၂။    စည်းကမ်းချက်များနှင့်တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။

                                နည်းပညာဖွံ့ဖြိုးရေးဌာန
                                စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
                                ရုံးအမှတ်(၃၀)၊ နေပြည်တော်
                                ဖုန်း-၀၆၇၃၄၀၅၂၃၄


Top