ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

  • Home Announcements News အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ၏ ထုတ်ကုန်များအား ဓာတ်...

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ၏ ထုတ်ကုန်များအား ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းအသိပေးကြေညာခြင်း


Thu 14-11-2024 Myanma Pharmaceutical Industrial Enterprise

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ၏ ထုတ်ကုန်များအား ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းအသိပေးကြေညာခြင်း

    စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းကြီးကြပ်မှုအောက်ရှိ သုတေသနဌာန(ရန်ကုန်)တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ၏ ထုတ်ကုန်များအား သကြားပါဝင်မှုတိုင်းတာခြင်း (Sugar)၊ အဏုဇီဝဗေဒနည်းဖြင့် စမ်းသပ်ခြင်း (Micro)၊ အစားအစာများတိုင်းတာခြင်း (Food)၊ ရေစမ်းသပ်မှုများ (Water)၊ ဆီအမျိုးမျိုးတိုင်းတာခြင်း (Fat & Oil)၊ အရက်၊ ဘီယာ၊ ဝိုင်အမျိုးမျိုးစမ်းသပ်ခြင်း (Alcoholic Beverages)တို့ကို ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်ပေးလျက်ရှိပါ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ၏ ထုတ်ကုန်များကို လာရောက်ဓာတ်ခွဲစမ်းသပ်နိုင်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။ ဆောင်ရွက်ပေးနိုင်သည့် အမျိုးအစားများနှင့် နှုန်းထားများကို အောက်ဖော်ပြပါပုံတွင် အသေးစိတ် ကြည့်ရှုနိုင်ပါသည်။

   

ဆက်သွယ်ရန်လိပ်စာ    -    ရန်ကုန်-အင်းစိန်လမ်း၊
                                       YTU နှင့် မျက်နှာချင်းဆိုင်၊ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်။

ဖုန်း                            -    09-5187571 , 09-261327404
email                         -    pharmaresearchdpt@gmail.com    
            

    


Top