စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းလက်အောက်ရှိ ဝါကြိတ်စက်ရုံများတွင် အသုံးပြုရန်လိုအပ်သော ကုန်ကြမ်းပြည်တွင်းချည်မျှင်ရှည်ဝါ (A)အဆင့် (၅၀၀,၀၀၀)ပိဿာအား အောက်ဖော်ပြပါအစီအစဉ်အတိုင်း မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ တင်ဒါအဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် -
တင်ဒါပုံစံရောင်းချမည့်ရက် - ၃၁.၁၀.၂၀၂၄ (ကြာသပတေးနေ့)
တင်ဒါပိတ်ရက် - ၁၃.၁၁.၂၀၂၄ (ဗုဒ္ဓဟူးနေ့)
၂။ အသေးစိတ်အချက်အလက်များကို အောက်ပါဌာနတွင် စုံစမ်းနိုင်ပါသည် -
ထုတ်လုပ်ရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်။
ဖုန်း ၀၆၇-၃၄၀၈၁၃၈၊ ၀၆၇-၃၄၀၈၄၃၉၊ ၀၆၇-၃၄၀၈၄၉၂