THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ စွမ်းအင်အကျိုးရှိထိရောက်...

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ စက်နှင့်စက်ပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Thu 31-10-2024 Directorate of Industrial Collaboration

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်လျက်ရှိသော စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးရှေ့ပြေးစီမံကိန်းအောက်၌ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ စက်နှင့်စက်ပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူဆောင်ရွက်လိုပါသည်။
    တင်ဒါပုံစံများ စတင်ရောင်းချမည့်ရက်    -    ၄.၁၁.၂၀၂၄ ရက်နေ့
    တင်ဒါပိတ်မည့်ရက်နှင့်အချိန်                 -    ၂၇.၁၁.၂၀၂၄ ရက်နေ့၊ ၁၆း၀၀ နာရီ
    တင်ဒါတင်သွင်းရမည့်နေရာ                 -    တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
၂။    တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များအား အောက်ဖော်ပြပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက်စုံစမ်း ဝယ်ယူနိုင်ပါသည်။
    
                                                         စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ 
                                                         စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ 
                                                         စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်၊ 
                                                         ဖုန်း ၀၆၇-၃၄၀၅၂၂၈


Top