စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စက်ရုံငှားရမ်းလုပ်ကိုင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
အိတ်ဖွင့်တင်ဒါအမှတ် (၁/၂၀၂၄-၂၀၂၅)
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ်(၈)အထည်စက်ရုံခွဲ(ရမည်းသင်း)၏ ရက်ကန်းအဆောက်အဦရှိ အထည်ချုပ်နေရာ (၁၄၀ ပေ x ၁၄၀ ပေ) နှင့် ကုန်ကြမ်းသိုလှောင်ရုံ(၉၀ ပေ x ၄၀ ပေ)တို့အား ငှားရမ်းလိုပါသဖြင့် စိတ်ပါဝင်စားသူ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ ပေးသွင်းရန် ဖိတ်ခေါ်ပါသည်။
၂။ တင်ဒါဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - ၂၇.၉.၂၀၂၄
(ခ) တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန် - ၁၅.၁၀.၂၀၂၄ ရက် ၊ ၁၆း၀၀ နာရီ၊
(ဂ) တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်၊
၃။ တင်ဒါပုံစံများကို ၂၇.၉.၂၀၂၄ ရက်နေ့မှစ၍ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း (ရုံးချုပ်)၊ ဖုန်း ၀၆၇-၄၀၈၁၈၅၊ ၀၆၇-၄၀၈၁၅၆ နှင့် အမှတ်(၈)အထည်စက်ရုံခွဲ(ရမည်းသင်း)၊ ဖုန်း ၀၉-၄၀၀၄၁၀၇၅၃ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။