စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်အတွက် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဆေးဝါးစက်ရုံ(အင်းစိန်) နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း)တို့အတွက် ဆေးဝါးကုန်ကြမ်းနှင့် ဆက်စပ်ပစ္စည်းများအား နိုင်ငံခြားငွေ(Baht)/ မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါသည်။
၂။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ စတင်ရောင်းချမည့်ရက် - ၇-၉-၂၀၂၄
တင်ဒါပိတ်မည့်ရက်နှင့်အချိန် -
645(Tender) ( ၁ )မျိုး (Baht) - ၂၀ . ၉ . ၂၀၂၄ ၊ (၁၆ : ၀၀) နာရီ
646(Tender) ( ၂၅ )မျိုး (ကျပ်) - ၂၀ . ၉ . ၂၀၂၄ ၊ (၁၆ : ၀၀) နာရီ
၃။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်း အသေးစိတ်အချက်အလက်များကို အောက်ပါဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်-
မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)
ရုံးအမှတ်(၃၇)၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်
ဖုန်းနံပါတ် - ၀၆၇ - ၃၄၀၈၂၇၆