စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
မြေနေရာငှားရမ်းဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ-မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ အမှတ်(၁၅)မှ ဦးစစ်ကိုင်းဝန်ထမ်းအိမ်ရာဝင်းရှိ မြေဧရိယာ (၀.၁၆) ဧကအား ပုဂ္ဂလိကသို့ ငှားရမ်းရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ တင်ဒါဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တင်ဒါပုံစံများ စတင်ရောင်းချမည့်ရက်/နေရာ - ၂-၉-၂၀၂၄ (တနင်္လာနေ့)၊ ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း
(ခ) တင်ဒါပိတ်မည့်ရက်/အချိန် - ၁၆-၉-၂၀၂၄ (တနင်္လာနေ့) ၁၆း၀၀ နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက်/အချိန် - ကြေငြာပေးပါ့မည်။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း၊ နေပြည်တော်
၃။ အသေးစိတ်သိရှိလိုပါက မြန်မာ့ဆေးဝါးလုပ်ငန်း၊ အုပ်ချုပ်ရေးဌာန ဖုန်းနံပါတ်၊ ၀၆၇၃-၄၀၈၀၆၇၊ ၀၆၇၃-၄၀၈၁၈၇ သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။