ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ စက်မှုဝန်ကြီးဌာန (MOI) နှင့် Japan Productivity Centre (JPC) တို့ပူးပေါင်း၍ Japan ASEAN Integration Fund (JAIF) ၏ ကူညီပံ့ပိုးမှုဖြင့် Myanmar Productivity Centre (MPC) ကို (၂.၅.၂၀၁၆) ရက်နေ့မှ စတင်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် Capacity Building of Human Resource Development Organization for Productivity Improvement ကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါသည်။
ယခုအခါ JAIF Project ၏ Phase 2 ကို စတင်ဆောင်ရွက် အကောင်အထည်ဖော်ရန် အတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ လုပ်သားဦးရေ (၂၀) ဦးထက်ပိုသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လျောက်လွှာခေါ်ယူ၍ Application Form ပေးပို့လျောက်ထားလာသည့် လုပ်ငန်းများအနက်မှ လုပ်ငန်း (၆)ခုကို Myanmar Productivity Centre (MPC) မှ Model Company အဖြစ် ရွေးချယ်မည်ဖြစ်ပြီး၊ ရွေးချယ်ခံရသည့် ကုမ္ပဏီများသည် ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် Myanmar Productivity Centre ၏ အသိအမှတ်ပြု consultant များမှ ပူးပေါင်း၍ (အခမဲ့) ပေးအပ်သည့် အတိုင်ပင်ခံ ဝန်ဆောင်မှုများကို (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ မတ်လအထိ) တစ်ကြိမ်လျင် (၂ရက်ခွဲမှ ၃ ရက်)အထိနှင့် တစ်နှစ်ပတ်လုံးအတွက် (၃) ကြိမ်မျှ ရရှိမည်ဖြစ်ပါသည်။ ထိုကဲ့သို့ Model Company အဖြစ်ရွေးချယ်ပြီး (အခမဲ့) အတိုင်ပင်ခံဝန်ဆောင်မှုများ ရရှိခြင်းဖြင့် ကုမ္ပဏီ၏ ကုန်ထုတ်လုပ်မှုများမှာ သိသာစွာ တိုးတက်လာမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ Model Company အဖြစ်ရွေးချယ်ခံနိုင်ရန် အတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ စိတ်ဝင်စားသည့် လုပ်သားဦးရေ (၂၀) ဦးထက်ပိုသော အသေးစားနှင့်အလတ်စား ကုန်ထုတ်လုပ်မှုစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် လျှောက်လွှာတင်ရန်အတွက် အောက်ပါ Application Form တွင်ဖြည့်စွက်၍ Myanmar Productivity Centre ၊ UMFCCI ဖုန်း/ဖက်စ် ဝ၁ ၂၃၁၇၂၁၀(Ext ၄၀၂)၊ ဝ၉ ၉၇၂၉၉၀၄၇၀ email- mpc.umfcci@gmail.com သို့ (၂၄.၈.၂၀၁၈) ရက် (သောကြာ)နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။