THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ (ကျောက်ဆည်) အား ...

အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ (ကျောက်ဆည်) အား  အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်  စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)


Wed 14-08-2024 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ (ကျောက်ဆည်) အား 
အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် 
စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ(ကျောက်ဆည်) သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့အရှေ့ဘက် (၅) မိုင်၊ (၃) ဖာလုံခန့်အကွာ၊ ကျောက်ဆည်စက်မှုနယ်မြေတွင်တည်ရှိပြီး ဘိလပ်မြေစက်ရုံသုံး မီးခံအုတ်များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့သည့်စက်ရုံဖြစ်ပါသည်။ စက်ရုံဧရိယာ အကျယ်အဝန်းမှာ (၄၉.၉၇) ဧကရှိပြီး၊ စက်မှုလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းများလည်း ဆောင်ရွက်နိုင်ပြီး ပြည်တွင်း/ ပြည်ပပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်။ 
    စိတ်ပါဝင်စားသည့် ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest – EoI) အား စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာဖွံ့ဖြိုးရေး ဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူလျက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ (၁၈) ရက်နေ့ ညနေ (၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရ မည်ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (EoI) ပုံစံလမ်းညွှန်ချက်များနှင့် အခြားသက် ဆိုင်သည့် စာရွက်စာတမ်းများအား မိမိတို့၏ ကုမ္ပဏီဆိုင်ရာ အထောက်အထားများယူဆောင် ပြသလျက် အထက်ပါလိပ်စာတွင် (၁၉-၈-၂၀၂၄) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။ 
တင်ပြရမည့်ကုမ္ပဏီဆိုင်ရာအထောက်အထားများ
        (က)    လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ၊
        ( ခ )    သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ် (Form VI, Form XXVI အပါအဝင်)၊
        ( ဂ )    နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီအချက်အလက်များ(ရှိလျှင်)
        (ဃ)    ရင်းနှီးမြှုပ်နှံလိုသူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ၊
        ( င )    ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person ၏ အမည်၊ 
                   ရာထူး၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် email လိပ်စာ၊
                   (အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉)


 


Top