စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။    အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အတွက် ၂ဝ၂၄-၂ဝ၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း Refractory Castable Mortar (၁၉)မျိုးအား စက်ရုံအရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။
၂။    တင်ဒါပုံစံများကို (၁၈.၇.၂ဝ၂၄)ရက်နေ့မှစ၍ ရုံးချိန်အတွင်း ထုတ်လုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃ဝ)၊ နေပြည်တော်တွင် ဝယ်ယူနိုင်ပြီး၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၆၇-၄၀၅၀၅၆၊ ဝ၉-၉၅၃၆၉၇ဝ၉၃ တွင် စုံစမ်းနိုင်ပါသည်။
၃။     တင်ဒါပိတ်ရက်နှင့်အချိန်        -    (၂.၈.၂၀၂၄)ရက်နေ့၊ (၁၆:ဝဝ)နာရီ။
၄။     တင်ဒါတင်သွင်းရမည့်နေရာ    -    ထုတ်လုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း 
                                                        စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃ဝ)၊ နေပြည်တော်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ 
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း