စက်မှုူဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
ဆေးဝါးစက်ရုံ(အင်းစိန်၊ အင်ရောင်း)တို့အတွက်
တိရစ္ဆာန်အစားအစာ(၁)မျိုး၊ နိုင်ငံခြားစက္ကူ(၄)မျိုးနှင့်ထုပ်ပိုးပစ္စည်း(၁၃)မျိုး အဝယ်တင်ဒါ
၁။ ဆေးဝါးစက်ရုံ(အင်းစိန်၊ အင်ရောင်း) တို့အတွက် တိရစ္ဆာန်အစားအစာ(၁)မျိုး၊ နိုင်ငံခြားစက္ကူ (၄)မျိုးနှင့် ထုပ်ပိုးပစ္စည်း(၁၃)မျိုးအား တင်ဒါခေါ်ဝယ်ယူသွားမည်ဖြစ်ပါသဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ကြေညာအပ်ပါသည်။
၂။ နိုင်ငံအတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်။
နိုင်ငံတော်မှ သတ်မှတ်ထားသည့် အခွန်များပေးဆောင်ပြီးသည့် ကုမ္ပဏီဖြစ်ရမည်။
၃။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ စတင်ရောင်းချမည့်ရက် - ၁၂-၇-၂၀၂၄
၄။ တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၅-၇-၂၀၂၅ ၊ (၁၆း၀၀) နာရီ
၅။ ပစ္စည်းပေးသွင်းရမည့်စက်ရုံ - ဆေးဝါးစက်ရုံ(အင်းစိန်၊ အင်ရောင်း)
၆။ တင်ဒါပေးသွင်းရမည့်နေရာ - ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်။
၇။ တင်ဒါပုံစံ၊ တင်ဒါခေါ်ယူမည့်ပစ္စည်းများ၏ စံချိန်စံညွှန်း၊ အရည်အသွေးသတ်မှတ်ချက်များနှင့် တင်ဒါစည်းကမ်းအသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
တယ်လီဖုန်းအမှတ်
မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်) ၀၆၇၃-၄၀၈၃၈၈
စက်မှုဝန်ကြီးဌာန၊ ၀၆၇၃-၄၀၈၃၅၄
ရုံးအမှတ်(၃၇)၊ နေပြည်တော်။