စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်နှင့်စက်ပစ္စည်းများဝယ်ယူခြင်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စက်မှုသင်တန်းကျောင်းများတွင် အသုံးပြုရန်အတွက် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းအသုံးစရိတ်(စက်နှင့်စက်ပစ္စည်း) ခေါင်းစဉ်မှ အောက်ဖော်ပြပါ စက်နှင့်စက်ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူဆောင်ရွက်ရန်ရှိပါသဖြင့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
Lot အမည် | ကျောင်းအမည် | စဉ် | လုပ်ငန်းအမည် | |
Lot - 1 | စသက (၁) ဆင်တဲ | (က) | NC Milling Machine (၁)လုံးအား ပြုပြင်ခြင်း | |
(ခ) | (၁) | Pf Sense Main Router Machine (၁)လုံး နှင့် | ||
(၂) | 3D Printer (120 W) For Pattern Maker Shop (Dual Type of A3 and A4 (or) Single Type of A4) (၁)လုံး ဝယ်ယူခြင်း |
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၂.၇.၂၀၂၄
(ခ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၁၀.၇.၂၀၂၄ (၁၆း၀၀)နာရီ
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်
၂။ စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
နည်းပညာဖွံ့ဖြိုးရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း-၀၆၇၄၀၅၂၃၄