စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
အခြားဝန်ဆောင်မှုလုပ်ငန်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ ရုံးချုပ်နှင့်စက်မှုသင်တန်းကျောင်း(၈)ကျောင်းအတွက် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လ) ငွေလုံးငွေရင်း အသုံးစရိတ်(အခြား) ခွင့်ပြုရန်ပုံငွေပါ အောက်ဖော်ပြပါလုပ်ငန်းအား မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်ရန်ရှိပါသဖြင့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
Lot အမည် | လုပ်ငန်းတည်နေရာ | လုပ်ငန်းအမည် |
Lot-၁ | ရုံးချုပ်နှင့်စက်မှုသင်တန်းကျောင်း (၈)ကျောင်း | Cloud Based ERP System for School Management ရေးဆွဲခြင်း |
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၂.၇.၂၀၂၄
(ခ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၁၀.၇.၂၀၂၄ (၁၆း၀၀)နာရီ
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်
၂။ စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
နည်းပညာဖွံ့ဖြိုးရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း-၀၆၇၄၀၅၂၃၄