အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့ မြို့သစ်ပိုင်းတွင် တည်ရှိပြီး (၅၅' x ၄၃' x ၁၈') အကျယ်ရှိ သွပ်မိုး၊ အုတ်နှင့် ပျဉ်ကာ၊ ကွန်ကရစ်ခင်း (၂) ထပ်အဆောက်အဦဖြစ်သည့် ဝင်းသူဇာအရောင်းဆိုင်(အမ်း) အား (၁)နှစ်ချင်းသက်တမ်းတိုးဖြင့် (၅)နှစ် ငှားရမ်းသွားမည်ဖြစ်၍ အငှားချထားလိုပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၁.၇.၂၀၂၄) ရက်နေ့မှ (၁၂.၇.၂၀၂၄) ရက်နေ့ထိ (နံနက် ၉း၃၀ မှ ညနေ ၁၆း၀၀ နာရီထိ)
(ခ) တင်ဒါလျှောက်လွှာနောက်ဆုံးတင်ရမည့်ရက်/အချိန် - (၁၂.၇.၂၀၂၄) ရက်နေ့ မွန်းလွဲ (၁၆း၀၀) နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက် - ကြိုတင်ကြေငြာပါမည်။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း
(င) ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၆၇-၃၄၀၈၁၄၉ ၊ ၀၆၇-၃၄၀၈၃၈၁
၂။ တင်ဒါလျှောက်လွှာများကို မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)၊ ရောင်းချဖြန့်ဖြူးရေးဌာနတွင် ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း