THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News ကချင်ပြည်နယ်၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနပိုင်မြေနေရာ(၀.၃၅၉)ဧကတွင် Sh...

ကချင်ပြည်နယ်၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနပိုင်မြေနေရာ(၀.၃၅၉)ဧကတွင် Shopping Mall ၊ ရုံးခန်းများနှင့် ဟိုတယ် ဖွင့်လှစ်နိုင်မည့် တည်ဆောက်ရေးကို ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းဆောင်ရွက


Wed 05-09-2018 Directorate of Industrial Supervision and Inspection

စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာခေါ်ယူခြင်း

(Expression of Interest Invitation)

၁။      စက်မှုဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနပိုင် မြေနေရာ(၀.၃၅၉)ဧကတွင် Shopping Mall ၊ ရုံးခန်းများနှင့် ဟိုတယ် ဖွင့်လှစ်နိုင်မည့် အဆောက်အဦများတည်ဆောက်ရေးကို  BOT  စနစ်ဖြင့် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။   ဌာနဘက်မှ ကာလပေါက်စျေးဖြင့် တွက်ချက်ထားသော  မြေနေရာတန်ဖိုးနှင့်  လုပ်ငန်းရှင်ဘက်မှ ကျခံမည့် အဆောက်အဦ                နှင့် အထွေထွေကုန်ကျစရိတ်တို့ကို စိစစ်ပြီး အကျိုးအမြတ်အချိုးသတ်မှတ်မည်ဖြစ်ပါ၍ စိတ်ဝင်စားသော ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်  ဆက်သွယ်ဆောင်ရွက်နိုင်ရန် EOI ဖိတ်ခေါ်အပ်ပါသည်-

(က) တည်နေရာ အမှတ်(၁၃၉/ဃ)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စျေးကြီးလမ်းထောင့်၊ မြို့မရပ်ကွက်၊ မြစ်ကြီးနားမြို့။
(ခ) လျှောက်လွှာစတင်ရောင်းချမည့်ရက် (၆.၉.၂၀၁၈) ရက် (၉:၀၀)မှ (၁၆:၃၀)နာရီထိ
(ဂ) လျှောက်လွှာပိတ်မည့်ရက်နှင့်အချိန် (၅.၁၀.၂၀၁၈)ရက် (၁၆:၃၀)နာရီထိ
(ဃ)  လျှောက်လွှာ ပေးသွင်း     ရမည့်နေရာ ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံ:အမှတ်(၄၁)၊ နေပြည်တော်။
(င) လျှောက်လွှာ တစ်စောင်လျှင် ၅၀,၀၀၀/-

၂။            အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ လိပ်စာတွင် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်-

 

စက်မှုကြီးကြပ်ရေးဌာန၊

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊

စက်မှုဝန်ကြီးဌာန၊ ရုံ:အမှတ်(၄၁)၊ နေပြည်တော်။

ဖုန်း-၀၆၇−၃၄၀၈၂၉၁


Top