စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
အခြားဝန်ဆောင်မှုလုပ်ငန်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း(သက်တမ်းတိုး)
၁။    စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ ရုံးချုပ်နှင့်စက်မှုသင်တန်းကျောင်း(၈)ကျောင်းအတွက် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လ) ငွေလုံးငွေရင်း အသုံးစရိတ်(အခြား) ခွင့်ပြုရန်ပုံငွေပါ အောက်ဖော်ပြပါ လုပ်ငန်းအား မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်ရန်ရှိပါသဖြင့် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်- 
| Lot အမည် | လုပ်ငန်းတည်နေရာ | လုပ်ငန်းအမည် | 
| Lot -1 | ရုံးချုပ်နှင့်စက်မှုသင်တန်းကျောင်း (၈)ကျောင်း | Cloud Based ERP System for School Management ရေးဆွဲခြင်း | 
(က)    တင်ဒါပုံစံစတင်ရောင်းချမည့်ရက်     -       ၅ .၆. ၂၀၂၄
(ခ)     တင်ဒါပိတ်မည့်ရက်နှင့်အချိန်            -       ၁၁ .၆.၂၀၂၄  (၁၆:၀၀) နာရီ
(ဂ)     တင်ဒါပေးသွင်းရမည့်နေရာ              -       ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊နေပြည်တော်
၂။    စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကိုဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိလိုပါကစုံစမ်းနိုင်ပါသည်။
  
                                                           နည်းပညာဖွံ့ဖြိုးရေးဌာန
                                                           စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
                                                           ရုံးအမှတ်(၃၀)၊ နေပြည်တော်
                                                           ဖုန်း-၀၆၇၃ ၄၀ ၅၂ ၃၄