ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

  • Home Announcements News ဘူမိဗေဒအစီရင်ခံစာ (သ-၂) နှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးအစီရင်းခံစာ(FS) ပြုစု...

ဘူမိဗေဒအစီရင်ခံစာ (သ-၂) နှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးအစီရင်းခံစာ(FS) ပြုစုရေးသားခြင်းလုပ်ငန်းအတွက် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Fri 24-05-2024 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)
၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အခြားလုပ်ငန်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် (အခြား) ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် အောက်ပါအခြားလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
    စက်ရုံ/လုပ်ငန်းအမည်
    အမှတ်(၃၆) အကြီးစားစက်ရုံ(ကျောက်ဆည်)
    ယင်းစွဲတောင် သဲကျောက်လုပ်ကွက် (၆၁၃) ဧကအတွက် ခွင့်ပြုမိန့်သက်တမ်းတိုးနိုင်ရေးလိုအပ်သော ဘူမိဗေဒအစီရင်ခံစာ (သ-၂) နှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးအစီရင်းခံစာ(FS) ပြုစုရေးသားခြင်းလုပ်ငန်း
၂။    လုပ်ကွက်(၅)ကွက်၏ တည်နေရာ    

စဉ် လုပ်ကွက်အမည် ကုန်ကြမ်းအမည် အကျယ်အဝန်း(ဧက) တည်နေရာ
၁။ ယင်းစွဲတောင် သဲကျောက် (၆၁၃) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းရွာကြီးအရှေ့ဘက်

၃။    အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို (၂၃.၅.၂၀၂၄) ရက်မှစတင်၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၂၉.၅.၂၀၂၄) ရက် (၁၆း၀၀)နာရီတွင် နောက်ဆုံးထား၍ တင်သွင်းရန် ဖြစ်ပါသည်။
၄။    တင်ဒါတင်သွင်းလိုသူသည် သက်ဆိုင်ရာလုပ်ငန်းအတွက် သတ်မှတ်ထားသည့် တင်ဒါအာမခံကြေးပေးသွင်းပြီးမှ သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တင်သွင်းရမည်။
၅။    အိတ်ဖွင့်တင်ဒါပုံစံရောင်းချမည့်လိပ်စာ    -    အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)
၆။    အိတ်ဖွင့်တင်ဒါတင်သွင်းရန်လိပ်စာ         -    တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)
၇။    ဆက်သွယ်ရန် ဖုန်းနံပါတ်                       -    ၀၉-၇၉၇၆၀၆၇၅၇

                                                                                                                ဥက္ကဌ
                                                                                          တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ    


Top