ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

  • Home Announcements News သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု (၆)လပတ် စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာ ပြုစုရေးသ...

သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု (၆)လပတ် စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာ ပြုစုရေးသားခြင်းလုပ်ငန်း အတွက် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Fri 24-05-2024 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)
၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အခြားလုပ်ငန်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် (အခြား) ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် အောက်ပါအခြားလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
    စက်ရုံ/လုပ်ငန်းအမည်
    အမှတ်(၃၆) အကြီးစားစက်ရုံ(ကျောက်ဆည်)
    ကုန်ကြမ်းလုပ်ကွက် (၅)ခုအတွက် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု (၆)လပတ် စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် (၂)ကြိမ် ပြုစုရေးသားခြင်းလုပ်ငန်း
၂။    လုပ်ကွက်(၅)ကွက်၏ တည်နေရာ    

စဉ် လုပ်ကွက်အမည် ကုန်ကြမ်းအမည် အကျယ်အဝန်း(ဧက) တည်နေရာ
၁။ ယင်းစွဲတောင် သဲကျောက် (၆၁၃) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းရွာကြီးအရှေ့ဘက်
၂။ ရွှေဥမင်တောင် ထုံးကျောက် (၂၁၀) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းရွာကြီးအရှေ့ဘက်
၃။ တောင်ဘိုတောင် ဒိုလိုမိုက်ကျောက် (၆၀) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းရွာကြီးအရှေ့ဘက်
၄။ ပျက္ခရွေတောင် ကြွေကျောက် (၅၀) မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပျက္ခရွေဒေသ
၅။ အလယ်မန်ကျွန်း ဖန်ချက်သဲ (၁၉၄.၃၂) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျွန်းဒေသ

၃။    အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို (၂၃.၅.၂၀၂၄) ရက်မှစတင်၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၂၉.၅.၂၀၂၄) ရက် (၁၆း၀၀)နာရီတွင် နောက်ဆုံးထား၍ တင်သွင်းရန် ဖြစ်ပါသည်။
၄။    တင်ဒါတင်သွင်းလိုသူသည် သက်ဆိုင်ရာလုပ်ငန်းအတွက် သတ်မှတ်ထားသည့် တင်ဒါအာမခံကြေးပေးသွင်းပြီးမှ သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တင်သွင်းရမည်။
၅။    အိတ်ဖွင့်တင်ဒါပုံစံရောင်းချမည့်လိပ်စာ    -    အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)
၆။    အိတ်ဖွင့်တင်ဒါတင်သွင်းရန်လိပ်စာ          -    တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)
၇။    ဆက်သွယ်ရန် ဖုန်းနံပါတ်                       -    ၀၉-၇၉၇၆၀၆၇၅၇

                                                                                                         

                                                                                                ဥက္ကဌ
                                                                            တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ    


Top