စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၃၆)အကြီးစားစက်ရုံ၊ မှန်ထုတ်လုပ်ရေးဌာန(ပုသိမ်)၏
၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဆောက်လုပ်ရေးလုပ်ငန်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၆)အကြီးစားစက်ရုံ၊ မှန်ထုတ်လုပ်ရေးဌာန(ပုသိမ်)တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် အောက်ပါဆောက်လုပ်ရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် လုပ်ငန်းအမည်
ပင်မစက်ရုံ မီးဖိုအပေါ်ပိုင်းရှိ အမိုးနှင့်အကာ ပြုပြင်မွမ်းမံခြင်း (၉၄' x ၇၁' x ၆၅')
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို (၂၁.၅.၂၀၂၄) ရက်မှ စတင်၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၂၇.၅.၂၀၂၄) ရက် (၁၆း၀၀)နာရီတွင် နောက်ဆုံးထား၍ တင်သွင်းရန် ဖြစ်ပါသည်။
၃။ တင်ဒါတင်သွင်းလိုသူသည် သက်ဆိုင်ရာလုပ်ငန်းအတွက် သတ်မှတ်ထားသည့် တင်ဒါအာမခံကြေးပေးသွင်းပြီးမှ သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တင်သွင်းရမည်။
၄။ အိတ်ဖွင့်တင်ဒါပုံစံရောင်းချမည့်လိပ်စာ ။ ။ မှန်ထုတ်လုပ်ရေးဌာန (ပုသိမ်)
၅။ ဆက်သွယ်ရန် ဖုန်းနံပါတ် ။ ။ ၀၉-၄၂၂၅၆၀၃၀၄ / ၀၉-၄၀၈၂၆၁၃၆၁
ဥက္ကဌ
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ