THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)၊ LED မီးသီးအလုပ်ရုံ Public Private Partnership (PP...

အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)၊ LED မီးသီးအလုပ်ရုံ Public Private Partnership (PPP) ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း


Fri 12-01-2024 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)၊ LED မီးသီးအလုပ်ရုံ
Public Private Partnership (PPP) ဆောင်ရွက်ရန်အတွက်
စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း

၁။    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ ပါရမီလမ်း၊ အမှတ်(၃၄)တွင် တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ရှိ LED မီးသီး အလုပ်ရုံတွင် LED မီးသီးထုတ်လုပ်မှုလုပ်ငန်းနှင့် လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများအား ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် နှစ်ရှည် ငှားရမ်း/ အကျိုးတူ ဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။    ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုအဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၁၅-၂-၂၀၂၄) ရက်နေ့၊ ညနေ (၃း၀၀)နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။    အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း အကြောင်းကြားစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြ၍ အထက်ပါလိပ်စာတွင် (၁၅-၁-၂၀၂၄) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
    (သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း - ၀၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆)


Top