စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၃၄)အကြီးစားစက်ရုံ (သာယာဝတီ) ပန်းကန်နှင့်ရေအိမ်သုံးထုတ်လုပ်မှုလိုင်းအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest - Eol)
စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၃၄) အကြီးစားစက်ရုံ (သာယာဝတီ) ပန်းကန်နှင့်ရေအိမ်သုံးထုတ်လုပ်မှုလိုင်းသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် တည်ရှိပါသည်။ ပန်းကန်နှင့်ရေအိမ်သုံးပစ္စည်း(Tableware and Sanitary ware) အမျိုးမျိုးတို့အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် စက်ရုံဖြစ်ပြီး၊ ပြည်တွင်းပြည်ပပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်။
စိတ်ပါဝင်စားသည့် ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (Expression of Interest - Eol) အား စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာဖွံ့ဖြိုးရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူလျက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ (၂၆) ရက်နေ့ညနေ (၀၄:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရမည်ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ၊ Eol ပုံစံလမ်းညွှန်ချက်များနှင့် အခြားသက်ဆိုင်သည့် စာရွက်စာတမ်းများအား မိမိတို့၏ကုမ္ပဏီဆိုင်ရာ အထောက်အထားများ ယူဆောင်ပြသလျက် အထက်ပါလိပ်စာတွင် (၂၇.၁၂.၂၀၂၃) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
တင်ပြရမည့်ကုမ္ပဏီဆိုင်ရာအထောက်အထားများ
(က) လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ၊
( ခ ) သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ် (Form VI, Form XXVI အပါအဝင်)၊
( ဂ ) နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီအချက်အလက်များ (ရှိလျှင်)
(ဃ) ရင်းနှီးမြှုပ်နှံလိုသူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ၊
(င) ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် email လိပ်စာ၊
(အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉)