စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ)ရှိ
မြေ(၁၃.၄၁)ဧကနှင့် ၎င်းမြေပေါ်ရှိ အဆောက်အဦ (၁၁)လုံး ပုဂ္ဂလိကသို့ ငှားရမ်းဆောင်ရွက်ရန်အတွက်
စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ တောင်ဒဂုံစက်မှုဇုန် (၁)၊ (၂၃)ရပ်ကွက်၊ မိုးကုတ်လမ်း၊ အမှတ် (၄၇၆)တွင် တည်ရှိသည့် မြေ(၁၃.၄၁)ဧကနှင့် ၎င်းမြေပေါ်ရှိ အဆောက်အဦ (၁၁)လုံးတွင် လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားစက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကာလတို (၅)နှစ် ငှားရမ်းနိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုအဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၃၁.၁၀.၂၀၂၃)ရက်နေ့၊ ညနေ (၃:၀၀)နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။ အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖော်ပြသည့် တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာ အထောက်အထားများနှင့် သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၂၉.၉.၂၀၂၃)ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
(သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း - ၀၆၇-၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆)