THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ (ကျောက်ဆည်) အား အကျ...

အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ (ကျောက်ဆည်) အား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်  စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest) EoI ခေါ်ယူခြင်း


Mon 25-09-2023 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ (ကျောက်ဆည်) အား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် 
စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ(ကျောက်ဆည်)သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့အရှေ့ဘက် (၅) မိုင်၊ (၃) ဖာလုံခန့်အကွာ၊ ကျောက်ဆည်စက်မှုနယ်မြေတွင်တည်ရှိပြီး ဘိလပ်မြေစက်ရုံသုံး မီးခံအုတ်များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့သည့်စက်ရုံဖြစ်ပါသည်။ စက်ရုံဧရိယာ အကျယ်အဝန်းမှာ (၄၉.၉၇) ဧကရှိပြီး၊ စက်မှုလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းများလည်း ဆောင်ရွက်နိုင်ပြီး ပြည်တွင်း/ ပြည်ပပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်။ 
    စိတ်ပါဝင်စားသည့် ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest – EoI) အား စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာဖွံ့ဖြိုးရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူလျက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ (၂၄) ရက်နေ့ ညနေ (၀၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရမည်ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (EoI) ပုံစံလမ်းညွှန်ချက်များနှင့် အခြားသက်ဆိုင်သည့် စာရွက်စာတမ်းများအား မိမိတို့၏ ကုမ္ပဏီဆိုင်ရာ အထောက်အထားများယူဆောင် ပြသလျက် အထက်ပါလိပ်စာတွင် (၂၅. ၉.၂၀၂၃) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။ 
တင်ပြရမည့်ကုမ္ပဏီဆိုင်ရာအထောက်အထားများ
    (က)    လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ၊
    ( ခ )    သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ် (Form VI, Form XXVI အပါအဝင်)၊
    ( ဂ )    နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီအချက်အလက်များ(ရှိလျှင်)
    (ဃ)    ရင်းနှီးမြှုပ်နှံလိုသူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ၊
    ( င )    ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person ၏ အမည်၊ 

               ရာထူး၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် email လိပ်စာ၊
               (အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉)


Top