အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)တွင် အောက်ဖော်ပြပါ လုပ်ငန်းကို မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသည်-
ရေပေးဝေခြင်းနှင့်ရေဆိုးသန့်စင်စနစ်
အဆင့်မြှင့်တင်ပြုပြင်မွမ်းမံခြင်း
- ဗေဒါကန် ၃၄ ကန်(၁၃၉၃' x ၁၁၈၂ ' x ၅' )
၂။ စျေးနှုန်းတင်သွင်းလွှာများကို ပေးသွင်းရမည့်အစီအစဉ်
| (က) | တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန် | - (၁၄.၁၁.၂၀၁၈) ရက်နေ့ (၁၆:၀၀)နာရီ |
| (ခ) | တင်ဒါတင်သွင်းရမည့်နေရာ | - တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ |
| အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း | ||
| ရုံးအမှတ်(၃၇)၊ စက်မှုဝန်ကြီးဌာန၊ | ||
| နေပြည်တော် |
၃။ တင်ဒါပုံစံကို(၃၀.၁၀.၂၀၁၈)ရက်နေ့မှစ၍ ရုံးချိန်အတွင်း နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်) ဖုန်း-၀၆၇-၄၀၈၁၂၉ ၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) ဖုန်း ၀၅၃-၅၅၄၅၇၈၊ ၀၉-၅၃၂၀၆၁၇ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။