စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊
ဝင်းသူဇာအရောင်းဆိုင်ခွဲ (ကျောက်ဆည်)၏ ဆိုင်ခန်း(၄)ခန်းအား
ငှားရမ်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းပိုင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင် စည်ပင်သာယာဈေးကြီးအတွင်းရှိ (၁)ခန်းလျှင် အကျယ်အဝန်း (၁၂' x ၉' x ၁၀')ရှိသောဆိုင်ခန်းအမှတ် (၁၊ ၂၊ ၁၅၊ ၁၆) (၄) ခန်းအား (၅) နှစ် သက်တမ်းကို (၁) နှစ်ချင်းသက်တမ်းတိုးမြှင့်၍ စာချုပ် ချုပ်ဆိုငှားရမ်းမည် ဖြစ်သဖြင့် (၂၉.၈.၂၀၂၃) ရက်နေ့မှ (၅.၉.၂၀၂၃) ရက်နေ့အတွင်း အိတ်ဖွင့် တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါပုံစံဝယ်ယူရမည့်နေရာ - အမှတ်(၃၃)အကြီးစားစက်ရုံ (ကျောက်ဆည်)
တင်ဒါတင်သွင်းရမည့်နေရာ - အမှတ်(၃၃)အကြီးစားစက်ရုံ (ကျောက်ဆည်)
ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၉၂၁၅၀၅၁၄၊
၀၉၄၂၅၅၀၄၆၉၆၊
၀၉၇၈၈၇၆၄၆၇၀