စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
စိတ်ဝင်စားမှုတင်ပြခြင်းလျှောက်လွှာခေါ်ယူခြင်း
(Expression of Interest Invitation)
၁။ မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(အင်ရောင်း)သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ရွာ အနောက်(၂)မိုင် (၅)ဖာလုံအကွာ အင်ရောင်းကျေးရွာအနီးတွင် တည်ရှိပြီး စက်ရုံရှိ တစ်ခါသုံးဆေးထိုးအပ်ထုတ်လုပ်ရေးဌာနတွင် "တစ်ခါသုံးဆေးထိုးအပ်အပါအဝင် Medical Device မျိုးစုံ (Syringes, Infusion set , Medical Mask , N 95 Mask, Gown, Inspection Suit, etc;) အား Original Equipment Manufacturer (OEM) စနစ်ဖြင့် ဆောင်ရွက်ခြင်းနှင့် ဆေးဝါးနှင့်ဆိုင်သော အခြားစီးပွားရေးလုပ်ငန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း" အတွက် အစိုးရနှင့်ပုဂ္ဂလိက (PPP)ပူးပေါင်းဆောင်ရွက်ရန်စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EoI) နှင့် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အဆိုပြုလွှာ (Request for Proposal - RFP) များကို အောက်ပါအတိုင်း ထပ်မံဖိတ်ခေါ်အပ်ပါသည်-
EoI, RFP စတင်ရောင်းချမည့်ရက်နှင့်အချိန် - ၂၈.၈.၂၀၂၃ (ရုံးချိန်အတွင်း)
EoI, RFP ပိတ်မည့် ရက်နှင့်အချိန် - ၂၈.၉.၂၀၂၃ (၁၆း၀၀)နာရီ
Website - www.industry.gov.mm
Myanmar Ministry of Industry
လျှောက်လွှာပေးသွင်းရမည့်နေရာ - မြန်မာ့ဆေးဝါးလုပ်ငန်း
စက်မှုဝန်ကြီးဌာန
ရုံးအမှတ်(၃၇)၊ နေပြည်တော်
၂။ အသေးစိတ်သိရှိလိုပါက ရုံးဖုန်း - ၀၆၇-၃၄၀၈၁၄၀ ၊ ၀၆၇-၃၄၀၈၃၇၀ ၊ Email - pfimoi2018@gmail.com, pfimoi@gmail.com သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း