စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊
ဝင်းသူဇာအရောင်းဆိုင်(ဗိုလ်ချုပ်ဈေး)၊ ဆိုင်ခန်း (၂)ခန်း ငှားရမ်းရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းပိုင် ရန်ကုန် တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်း စျေး၊ အရှေ့ဘက်တန်း၊ ဆိုင်ခန်းအမှတ် (၁၈၄၊ ၁၈၅) အကျယ်အဝန်း (၂၄’ x ၂၀ ’ x ၃၀ ’ ) ရှိ ဆိုင်ခန်း(၂)ခန်းအား (၅)နှစ်သက်တမ်းကို (၁)နှစ်ချင်း သက်တမ်းတိုးမြှင့်၍ စာချုပ် ချုပ်ဆို ငှားရမ်းမည်ဖြစ်သဖြင့် (၂၁.၈.၂၀၂၃) ရက်နေ့မှ(၂၈.၈.၂၀၂၃)ရက်နေ့အတွင်း အိတ်ဖွင့်တင်ဒါပေးသွင်းရန်ဖိတ်ခေါ် အပ်ပါသည်။
တင်ဒါပုံစံဝယ်ယူရမည့်နေရာ - ရောင်းချဖြန့်ဖြူးရေးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊
ရုံးအမှတ်(၄၁)၊ နေပြည်တော်
တင်ဒါတင်သွင်းရမည့်နေရာ - ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန
ရုံးအမှတ်(၄၁)၊ နေပြည်တော်
ဆက်သွယ်ရန်ဖုန်းနံပါတ် - လုပ်ငန်းရုံးချုပ်(နေပြည်တော်)
၀၉၄၂၀၇၀၂၁၀၃၊
၀၆၇-၃၄၀၈၆၉၅ / ၃၄၀၈၆၉၇