THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ် (၁၀)အထည်စက်ရုံ (တောင်သာ)နှင့် အမှတ် (၁၁)အထည်စက်ရုံ (ပခုက္ကူ)တို့အား အစိုးရ...

အမှတ် (၁၀)အထည်စက်ရုံ (တောင်သာ)နှင့် အမှတ် (၁၁)အထည်စက်ရုံ (ပခုက္ကူ)တို့အား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ Expression of Interest (EoI) ဖိတ်ခေါ်ခြင်း


Mon 22-05-2023 No.3 Heavy Industrial Enterprise

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စက်မှုဝန်ကြီးဌာန
အမှတ် (၃)အကြီးစားစက်မှုလုပ်ငန်း
စိတ်ဝင်စားမှုအဆိုပြုလွှာ Expression of Interest (EoI) ဖိတ်ခေါ်ခြင်း

၁။    အမှတ် (၃)အကြီးစားစက်မှုလုပ်ငန်းလက်အောက်ရှိ အမှတ် (၁၀)အထည်စက်ရုံ (တောင်သာ)နှင့် အမှတ် (၁၁)အထည်စက်ရုံ (ပခုက္ကူ)တို့အား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားသော ပြည်တွင်း/ပြည်ပကုမ္ပဏီများသို့ Expression 
of Interest (EoI) အဆိုပြုလွှာပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။    အဆိုပြုလွှာဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
       (က)    အဆိုပြုလွှာပုံစံရောင်းချမည့်ရက်                              -    (၁၈.၅.၂၀၂၃) ရက်မှ (၃၀.၆.၂၀၂၃) ထိ
       (ခ)    အဆိုပြုလွှာပုံစံနောက်ဆုံးတင်သွင်းမည့်ရက်နှင့်အချိန်    -    (၂၁.၇.၂၀၂၃) ရက်နေ့၊ (၁၆:၀၀) နာရီ        
       (ဂ)    အဆိုပြုလွှာပုံစံရောင်းချမည့်နေရာ                              -    စီမံရေးဌာန၊ အမှတ် (၃)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်။
       (ဃ)    တင်ဒါပေးသွင်းရမည့်နေရာ                                      -    အမှတ် (၃)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်။

၃။    အသေးစိတ်သိရှိလိုပါက စီမံရေးဌာန၊ ဖုန်း - ၀၆၇-၃၄၀၈၁၈၅၊ ၀၆၇-၃၄၀၈၀၇၀၊ ၀၆၇-၃၄၀၈၁၅၆ နှင့် textile.planning@gmail.com တို့သို့ ဆက်သွဘ်မေးမြန်းနိုင်ပါသည်။


Top