စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စာချုပ်စာတမ်းများစိစစ်ရေးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် (စက်နှင့်စက် ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ သုတေသနဌာနဝင်းအတွင်းရှိ မူလဓာတ်ခွဲခန်းတွင် အသုံးပြုမည့် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါ၍ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် -
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၂၂.၅.၂၀၂၃ (ရုံးချိန်အတွင်း)
(ခ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၉.၅.၂၀၂၃ (၁၆:၀၀)နာရီ
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန
ရုံးအမှတ် (၃၀)၊ နေပြည်တော်
၂။ တင်ဒါစည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး တင်ဒါစည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါအဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ပါသည်။ တင်ဒါတင်သွင်းမည့် လုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီ Profile ကိုပါ တင်ပြရမည်ဖြစ်ပါသည်။
၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း (၀၆၇-၄၀၅၂၃၁/ -၄၀၅၃၃၆)သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
စာချုပ်စာတမ်းများစိစစ်ရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ် (၃၀)၊ နေပြည်တော်