စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
တည်ဆောက်ရေးလုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ အမှတ်(၇) စက်မှုသင်တန်း(မုံရွာ)တွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေပါ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် | လုပ်ငန်းတည်နေရာ | လုပ်ငန်းအမည် |
၁။ |
စသသ (၇)မုံရွာ Lot-4 |
(က) လုံးချင်းအိမ် (၅၀' x ၂၀' x ၁၀') အကြီးစားပြုပြင်မွမ်းမံခြင်း (၁)လုံ (ခ) အုတ်ခြံစည်းရိုးကာရံခြင်း။ (၂၈၀၀ ပေ x ၆ ပေ အမြင့်) |
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၁၁.၅.၂၀၂၃
(ခ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၁၇.၅.၂၀၂၃ (၁၆း၀၀)နာရီ
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
၂။ စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
သင်တန်းကျောင်းများကြီးကြပ်ရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း - ၀၆၇ ၄၀၅၀၅၁