စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူများဖိတ်ခေါ်ခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)၏ Melt Shop-1 အား ပြန်လည် လည်ပတ်၍ သံရည်ကျိုလုပ်ငန်းဆောင်ရွက်နိုင်ရန် လုပ်ငန်း(၆)ခုအား အောက်ဖော်ပြပါ Lot (၆)ခုဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူဆောင်ရွက်လိုပါသည်-
(က) Lot No.(1) Operator Work Station (OWS) (၄) လုံးနှင့် Workstation Computer System (၄)စုံ တို့အား ဝယ်ယူခြင်း
(ခ) Lot No.(2) Meltshop-1 Laboratory ရှိ Spectrometer စက်အား Check Calibration and Maintenance ပြုလုပ်ခြင်း
(ဂ) Lot No.(3) Hydraulic Equipment and Accessories များ စစ်ဆေးပြုပြင်ခြင်း
(ဃ) Lot No.(4) Oxygen & Nitrogen Gas Pipe Line Flushing ပြုလုပ်ခြင်း
(င) Lot No.(5) Meltshop-1 ရှိ HVAC (Heating, Ventilation & Air Conditioning System (Part II)) စစ်ဆေးပြုပြင်ခြင်း
(စ) Lot No.(6) အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)ရှိ Process Testing and Production of ASP (1) တွင် Engineer ငှားရမ်းခြင်း
၂။ တင်ဒါပုံစံစတင်ထုတ်ယူနိုင်မည့်နေ့ - ၁၃.၃.၂၀၂၃
တင်ဒါပိတ်မည့်နေ့နှင့်အချိန် - ၁၇.၃.၂၀၂၃ ၊ (၁၆း၀၀)နာရီ
၃။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်း စုံစမ်း၍ လာရောက်ထုတ်ယူနိုင်ပါသည်-
စီမံရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
ရုံးအမှတ်(၃၀)၊ နေပြည်တော်၊ ဖုန်း - ၀၆၇-၄၀၅၁၅၈