THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ)၊ ယခင် အောက်ဆီဂျင်ဓာတ်ငွေ့နှင့် အက်ဆီတလင်းဓာတ်ငွေ့...

အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ)၊ ယခင် အောက်ဆီဂျင်ဓာတ်ငွေ့နှင့် အက်ဆီတလင်းဓာတ်ငွေ့အလုပ်ရုံ(သွပ်ရည်စိမ်လုပ်ငန်း) အား (PPP) အတွက် (Expression of Interest - EoI) ခေါ်ယူခြင်း 


Wed 28-12-2022 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ) ကြီးကြပ်မှုအောက်ရှိ ယခင် အောက်ဆီဂျင်ဓာတ်ငွေ့နှင့် အက်ဆီတလင်းဓာတ်ငွေ့အလုပ်ရုံ(သွပ်ရည်စိမ်လုပ်ငန်း) အား 
Public Private Partnership (PPP) အတွက် 
စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း 


၁။    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ တောင်ဒဂုံစက်မှုဇုန်(၁)၊ (၂၃)ရပ်ကွက်၊ မိုးကုတ်လမ်း၊ အမှတ်(၄၇၆) တွင် တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ရှိ ယခင် အောက်ဆီဂျင်ဓာတ်ငွေ့နှင့် အက်ဆီတလင်းဓာတ်ငွေ့အလုပ်ရုံတွင် Hot Dip Galvanizing လုပ်ငန်း (သွပ်ရည်စိမ်လုပ်ငန်း) ဆောင်ရွက်ရန် သင့်လျော်သည့် အဆောက်အအုံနှင့် အနေအထားများရှိသဖြင့် စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးလုပ်ငန်းတို့တွင် အသုံးပြုသည့် သံထည်ပစ္စည်းများ သွပ်ရည်စိမ်ခြင်းလုပ်ငန်းအား ပြည်တွင်း/ ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် PPP ပုံစံဖြင့် ဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။    ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှု အဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၁၄-၁-၂၀၂၃)ရက်နေ့ ၊ ညနေ(၃း၀၀)နာရီ(မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။    အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း အကြောင်းကြားစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြ၍ အထက်ပါလိပ်စာတွင် (၁၄-၁၂-၂၀၂၂) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
                                                                 (သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆)


Top