စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ) ကြီးကြပ်မှုအောက်ရှိ LED မီးသီးအလုပ်ရုံ
Public Private Partnership (PPP) အတွက်
စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း (သက်တမ်းတိုး)
၁။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ပါရမီလမ်း၊ အမှတ်(၃၄)တွင် တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ) ကြီးကြပ်မှုအောက်ရှိ LED မီးသီးအလုပ်ရုံတွင် LED မီးသီးထုတ်လုပ်မှုလုပ်ငန်းကို ပြည်တွင်း/ ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် PPP ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှု အဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၁၄-၁-၂၀၂၃)ရက်နေ့ ၊ ညနေ(၃း၀၀)နာရီ(မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။ အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း အကြောင်းကြားစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြ၍ အထက်ပါလိပ်စာတွင် (၁၄-၁၂-၂၀၂၂) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
(သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆)