THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

MYANMAR INDUSTRY PORTAL

  • Home Announcements News အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ) ၊ ဆိုလာအလုပ်ရုံ Public Private Partnership (PPP)...

အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ) ၊ ဆိုလာအလုပ်ရုံ Public Private Partnership (PPP) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း (သက်တမ်းတိုး)


Wed 28-12-2022 No.24 Heavy Industry (Dagon) Solar Factory

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ) ၊ ဆိုလာအလုပ်ရုံ
Public Private Partnership (PPP) အတွက် 
စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း (သက်တမ်းတိုး)

၁။    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ တောင်ဒဂုံစက်မှုဇုန်(၁)၊ (၂၃)ရပ်ကွက်၊ မိုးကုတ်လမ်း၊ အမှတ်(၄၇၆)တွင် တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)၊ ဆိုလာအလုပ်ရုံတွင် ဆိုလာလုပ်ငန်းအပြင် လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားစက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများအား ပြည်တွင်း/ ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် PPP ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။    ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှု အဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၁၄-၁-၂၀၂၃)ရက်နေ့ ၊ ညနေ(၃း၀၀)နာရီ(မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။    အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း အကြောင်းကြားစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြ၍ အထက်ပါလိပ်စာတွင် (၁၄-၁၂-၂၀၂၂) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
                                                                    (သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆)


Top