THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ မှန်စက်ရုံ(ပုသိမ်)အား အကျိုးတူပူးပေါင်းဆောင်ရွက်...

အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ မှန်စက်ရုံ(ပုသိမ်)အား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)


Mon 26-12-2022 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ မှန်စက်ရုံ(ပုသိမ်) အား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် 
စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

    စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မှန်စက်ရုံ (ပုသိမ်) သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မြောက်ဘက်(၇)မိုင်အကွာ၊ ပုသိမ်ဝါးယားချောင်းသွား ကားလမ်းမပေါ်ရှိ ကြည်သာကျေးရွာမှ အရှေ့ဘက် (၁) မိုင်ခန့်အကွာတွင်တည်ရှိပြီး မှန်အကြည် များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့သည့် စက်ရုံဖြစ်ပါသည်။ စက်ရုံဧရိယာအကျယ်အဝန်းမှာ (၆၇၈.၅၀) ဧကရှိပြီး၊ ဆိပ်ကမ်းမြေ (၁၈.၇၉) ဧကပါဝင်၍ မှန်ထုတ်လုပ်သည့်လုပ်ငန်းအပြင် စက်မှုလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းများလည်းဆောင်ရွက်နိုင်ပြီး ပြည်တွင်း/ ပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်။ 
    စိတ်ပါဝင်စားသည့် ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest – EoI) အား စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာဖွံ့ဖြိုး ရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူလျက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ (၂၆) ရက်နေ့ ညနေ (၀၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရမည်ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (EoI) ပုံစံလမ်းညွှန်ချက်များနှင့် အခြားသက်ဆိုင်သည့် စာရွက်စာတမ်းများအား မိမိတို့၏ကုမ္ပဏီဆိုင်ရာ အထောက်အထားများ  ယူဆောင်ပြသလျက် အထက်ပါလိပ်စာတွင် (၂၇. ၁၂ .၂၀၂၂) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။ 
တင်ပြရမည့်ကုမ္ပဏီဆိုင်ရာအထောက်အထားများ
        (က)    လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ၊
        ( ခ )    သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ် (Form VI, Form XXVI အပါအဝင်)၊
        ( ဂ )    နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီအချက်အလက်များ(ရှိလျှင်)
        (ဃ)    ရင်းနှီးမြှုပ်နှံလိုသူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ၊
        ( င )    ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person ၏ အမည်၊ 
                   ရာထူး၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် email လိပ်စာ၊
                   (အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉)
 


Top