THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)၊ ဆိုလာအလုပ်ရုံ၊PPP...

အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)၊ ဆိုလာအလုပ်ရုံ၊PPP အတွက် (EoI)ခေါ်ယူခြင်း


Wed 26-10-2022 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)၊ ဆိုလာအလုပ်ရုံ
Public Private Partnership (PPP) အတွက်
စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)၊ ဆိုလာအလုပ်ရုံတွင် ဆိုလာလုပ်ငန်းအပြင် လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားစက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများအား ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။    ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုအဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့လိပ်မူ၍ (၂၅.၁၁.၂၀၂၂)ရက်နေ့၊ ညနေ(၃:၀၀)နာရီ(မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။    အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို အောက်ပါကုမ္ပဏီဆိုင်ရာ အထောက်အထားများတင်ပြ၍ အထက်ပါလိပ်စာတွင် (၂၅.၁၀.၂၀၂၂)ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်-
           (က)    လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ
           (ခ)    သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်
           (ဂ)    ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း / စည်းမျဉ်း
           (ဃ)    နည်းပညာပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီအချက်အလက်များ
           (င)    ရင်းနှီးမြှုပ်နှံလိုသူများ၏ လုပ်ကိုင်မည့် လုပ်ငန်းအတွက်အတွေ့အကြုံ
           (စ)    ကုမ္ပဏီနှင့်ဆက်သွယ်ဆောင်ရွက်ရန်အတွက် Contact Person ၏အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်း၊ Email

(သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆)


Top