THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

MYANMAR INDUSTRY PORTAL

Resources are Limited. Creativity is Unlimited.
  • Home Announcements News စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ မူလဓာတ်ခွဲခန်းအတွက် စက်နှင့်စက်ပစ္စည်းများ...

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ မူလဓာတ်ခွဲခန်းအတွက် စက်နှင့်စက်ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Fri 20-05-2022 Directorate of Industrial Collaboration

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်နှင့်စက်ပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် (စက်နှင့်စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ သုတေသနဝင်းအတွင်းရှိ မူလဓာတ်ခွဲခန်းအတွက် အောက်ဖော်ပြပါ စက်နှင့်စက်ပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည်ဖြစ်ပါ၍ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ     10 Lot
(ခ) Lab Furniture 2 Lot

 

    (က)   တင်ဒါပုံစံစတင်ရောင်းချမည့်ရက်         -  ၂၃.၅.၂၀၂၂ (ရုံးချိန်အတွင်း)
    (ခ )   တင်ဒါပိတ်မည့်ရက်နှင့်အချိန်               -    ၆.၆.၂၀၂၂ (၁၆:၀၀) နာရီ
    (ဂ)    တင်ဒါပေးသွင်းရမည့်နေရာ                     ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
                                                                       စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
                                                                       စက်မှုဝန်ကြီးဌာန
                                                                       ရုံးအမှတ် (၃၀)၊ နေပြည်တော်
 

၂။    တင်ဒါစည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက စုံစမ်းနိုင်ပါသည်။

စာချုပ်စာတမ်းများစိစစ်ရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း- ၀၆၇ ၄၀၅၂၃၁


Top