စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
စက်နှင့်စက်ပစ္စည်း တင်သွင်းလိုသူများဖိတ်ခေါ်ခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း အောက်ပါပစ္စည်းများအား စီမံကိန်း အရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်-
(က) Lot No.(1) : RO Membrane for Water Treatment Plant (၁) မျိုး
(ခ) Lot No.(2) : Gear Box and Related Equipment (၆) မျိုး
(ဂ) Lot No.(3) : Spectro Photometer (၁) မျိုး
(ဃ) Lot No.(4) : Pump & Motor and Related Equipment (၂၂) မျိုး
(င) Lot No.(5) : Hydraulic Cylinder and Related Equipment (၁၂) မျိုး
(စ) Lot No.(6) : Air Separation Plant-I အတွက် ပစ္စည်းများ ဝယ်ယူခြင်းနှင့်ဆက်စပ်လုပ်ငန်းများ ပြန်လည်ပြုပြင်ခြင်း
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၂၃.၅.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်မှစ၍ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရုံးအမှတ်(၃၀) နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ စီမံရေးဌာန၏ ဖုန်း-၀၆၇-၄၀၅၃၂၂ ၊ ၀၆၇-၄၀၅၁၅၉ ၊ ၀၆၇-၄၀၅၁၅၈ တို့တွင် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
၃။ တင်ဒါပိတ်ရက်နှင့်အချိန် - (၃.၆.၂၀၂၂) ရက်နေ့၊ (၁၆:၀၀)နာရီ။
၄။ တင်ဒါသွင်းရမည့်နေရာ - အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။