THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ အမှတ်(၈)စက်မှုသင်တန်းကျောင်း(သထုံ)တွင် တည်...

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ အမှတ်(၈)စက်မှုသင်တန်းကျောင်း(သထုံ)တွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Tue 03-05-2022 Directorate of Industrial Collaboration

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
တည်ဆောက်ရေးလုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။  စက်မှုဝန်ကြီးဌာန၊စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ အမှတ်(၈)စက်မှုသင်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် (ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေပါအောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရန်ရှိပါသဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

စဉ် လုပ်ငန်းတည်နေရာ စဉ် လုပ်ငန်းအမည်
(၁) အမှတ်(၈)စက်မှုသင်တန်းကျောင် (သထုံ) Lot(6) (က) 11 kV Line လျှပ်စစ်သွယ်တန်းခြင်း၊ (15 kV  3C x  95 mm2 Cu/ XLPE/ HDPE  Underground Cable အပါအဝင် ) ၁၈၀၀ ပေ နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်း။

 

      (က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက်   -   ၂၈ . ၄  .၂၀၂၂
      (ခ )  တင်ဒါပိတ်မည့်ရက်နှင့်အချိန်         -    ၁၂ . ၅  .၂၀၂၂ (၁၆:၀၀) နာရီ
      (ဂ)   တင်ဒါပေးသွင်းရမည့်နေရာ           -        ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
                                                                        စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
                                                                        စက်မှုဝန်ကြီးဌာန
                                                                        ရုံးအမှတ် (၃၀)၊ နေပြည်တော်
၂။       စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။

သင်တန်းကျောင်းများကြီးကြပ်ရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း- ၀၆၇ ၄၀၅၀၅၁


Top