စက်မှုဝန်ကြီးဌာန
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
တည်ဆောက်ရေးလုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
Item | လုပ်ငန်းတည်နေရာ | လုပ်ငန်းအမည် |
Lot-4 | စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဥတ္တရသီရိမြို့နယ်၊(နေပြည်တော်)။ | RC(၃)ထပ်ရုံး(၂၅၈'×၈၀'×၄၂')+ (၇၄'×၁၂၆'×၂၈')+(၆၀'×၁၂'×၂၈')၏ Main Building (Up to Plinth Beam,Ground floor to first floor Columns 141 Nos) ဆောက်လုပ်ခြင်း |
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - (၄.၇.၂၀၁၉)နံနက်(၀၉း၃၀ မှ ၁၆း၃၀)နာရီထိ
(ခ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - (၁၈.၇.၂၀၁၉)ရက် (၁၆း၃၀)နာရီထိ
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၃၇)၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊နေပြည်တော်
၂။ အဆောက်အဦအရည်အသွေးကောင်းမွန်ရေးနှင့် အချိန်မီပြီးမြောက်ရေးအတွက် ငွေကြေး တန်ဖိုးချင်းတူပါက အင်ဂျင်နီယာကောင်စီ၏ အသိအမှတ်ပြုအဆင့်ပေါ်မူတည်၍ ယှဉ်ပြိုင်ရွေးချယ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၃။ စည်းကမ်းချက်များနှင့်တင်ဒါပုံစံများကို စက်မှုကြီးကြပ်ရေးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ရုံးအမှတ်(၃၇)၊နေပြည်တော်၌ ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိလိုပါက ဖုန်း-၀၆၇-၃၄၀၈၂၉၁၊၀၉ ၅၃၄၀၂၉၁ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန