၁။ မြန်မာနိုင်ငံတော်တွင် စက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်မှုအစဉ်ကို မော်ကွန်းတင်ရေး လုပ်ငန်းစဉ်မှာ ၁၉၈၆ ခုနှစ် ဩဂုတ်လတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ(အငြိမ်းစား)၏ လမ်းညွှန်မှုဖြင့် စတင်ခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ အမှတ်(၁)နှင့်အမှတ်(၂) စက်မှုဝန်ကြီးဌာန ဝန်ကြီးတာဝန်ကို ထမ်းရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသူ ဗိုလ်ချုပ်စိန်အောင်က မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ရေးသားပြုစုရေးကို ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
၂။ ၁၉၈၆ ခုနှစ်တွင် "မြန်မာနိုင်ငံတော်၏စက်မှုလက်မှုလုပ်ငန်းသမိုင်းကြောင်းမှတ်တမ်း" မော်ကွန်းပေါ်ထွန်းစေရန် ရည်ရွယ်ချက်အရ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားအကြီးတန်း သုတေသနမှူး ဒေါ်ကြန် ကြီးကြပ်စီမံ တည်းဖြတ်၍ ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများက အချက်အလက်များ ရှာဖွေပြုစုခဲ့ကြသည်။
၃။ ထို့နောက် ဝန်ကြီးဌာနသည် “မြန်မာနိုင်ငံတော်၏ စက်မှုလက်မှုလုပ်ငန်းသမိုင်းကြောင်း" ဖော်ပြပါ စာအုပ်(၆)အုပ်ကို အမှတ် ၅၂၉/၅၃၁ ၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန်အဖွဲ့ တွဲဖက် ညွှန်ကြားရေးမှူး ဦးမျိုးသန့်က မှတ်ပုံတင်အမှတ်၊ ၀၂၈၁၉ ဖြင့် စာပေ ဗိမာန်ပုံနှိပ်တိုက်တွင် ၁၉၈၉ ခုနှစ်၊ ဇွန်လကတည်းကစ၍ ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်-
(က) မြန်မာမင်းများလက်ထက် စက်မှုလက်မှုလုပ်ငန်းသမိုင်း
( ခ) ကိုလိုနီခေတ် စက်မှုလက်မှုလုပ်ငန်းသမိုင်း
( ဂ) ပြန်လည်ထူထောင်ရေးခေတ် စက်မှုလက်မှုလုပ်ငန်းသမိုင်း
(ဃ) တော်လှန်ရေးကောင်စီကာလ စက်မှုလက်မှုလုပ်ငန်းသမိုင်း
( င) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် စက်မှုလက်မှုလုပ်ငန်းသမိုင်း
( စ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တက်ရောက်ပြီးနောက် စက်မှု လုပ်ငန်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းသမိုင်း
၄။ ရှေးမြန်မာမင်းများလက်ထက်က စတင်၍ စက်မှုလက်မှုလုပ်ငန်း တိုးတက်ဖြစ်ပေါ်မှုသည် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အပေါ်တွင် ဖြတ်သန်းခဲ့ရခြင်းကို သိမြင်လေ့လာနိုင်မည် ဖြစ်ပါသည်။