ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

  • Home Announcements News ဒိုက်ဦးကော်မှုန့်စက်ရုံခွဲနှင့် စိုက်ကွင်း တို့အား အစိုးရနှင့် ပုဂ္ဂလိက (PPP) ပူ...

ဒိုက်ဦးကော်မှုန့်စက်ရုံခွဲနှင့် စိုက်ကွင်း တို့အား အစိုးရနှင့် ပုဂ္ဂလိက (PPP) ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားမှုတင်ပြခြင်းလျှောက်လွှာခေါ်ယူခြင်း


Mon 08-11-2021 Myanma Pharmaceutical Industrial Enterprise

စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
စိတ်ဝင်စားမှုတင်ပြခြင်းလျှောက်လွှာခေါ်ယူခြင်း
(Expression of Interest Invitation)

၁။    မြန်မာ့ဆေးဝါးလုပ်ငန်း ဒိုက်ဦးကော်မှုန့်စက်ရုံခွဲနှင့် စိုက်ကွင်းသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်း၊ ကျိုက်စကောကျေးရွာ၊ အနောက် (၁.၅)မိုင်အကွာတွင် တည်ရှိပြီး စက်ရုံဧရိယာ (၁၇၀.၄၈)ဧကနှင့် စိုက်ကွင်း (၃၃၉၅.၇၀)ဧကတို့တွင် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်းများနှင့် အခြားစက်မှုလုပ်ငန်းများအား အစိုးရနှင့် ပုဂ္ဂလိက (PPP) ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်အပ်ပါသည်။
၂။    EoI အောင်မြင်သော ကုမ္ပဏီများအား ကြော်ငြာပေးပြီး အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာအဆိုပြုလွှာ (Requests for Proposals) ဆက်လက်တောင်းခံသွားမည်ဖြစ်ပြီး စက်ရုံ၏ အချက်အလက်များအား RFP တွင် ဖော်ပြထားမည်ဖြစ်ပါသည်။

    လျှောက်လွှာစတင်ရောင်းချမည့်ရက်နှင့်အချိန်    -    ၈.၁၁.၂၀၂၁ (ရုံးချိန်အတွင်း)
    လျှောက်လွှာပိတ်မည့်ရက်                               -    ၈.၁.၂၀၂၂ (၁၆:၀၀ နာရီ)
    လျှောက်လွှာပေးသွင်းရမည့်နေရာ                    -    မြန်မာ့ဆေးဝါးလုပ်ငန်း၊
                                                                           စက်မှုဝန်ကြီးဌာန၊
                                                                           ရုံးအမှတ်(၃၇)၊နေပြည်တော်
    အသေးစိတ်သိရှိလိုပါက စီမံရေးဌာန (ရုံးဖုန်း ၀၆၇-၃၄၀၈၁၄၀၊ ၀၆၇-၃၄၀၈၃၇၀)၊ email- pfimoi2018@gmail.com ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း


Top