စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)နှင့် အမှတ်(၁၆)အကြီးစားစက်ရုံ(ဆင်တဲ)တို့ရှိ အသုံးမလို စက်ပစ္စည်းများအားရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)နှင့် အမှတ်(၁၆)အကြီးစားစက်ရုံ(ဆင်တဲ)ရှိ အသုံးမလိုပစ္စည်းများကို မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်၍ သက်ဆိုင်ရာစက်ရုံများသို့ သွားရောက်ကြည့်ရှုပြီး ဈေးနှုန်းတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံစတင်ရောင်းချမည့်ရက် ၁-၁၀-၂၀၂၁ ရက် (ရုံးချိန်အတွင်း)
၃။ တင်ဒါပိတ်ရက် ၁-၁၁-၂၀၂၁ (တနင်္လာနေ့) ၁၆:၀၀ နာရီ
၄။ တင်သွင်းရမည့်နေရာ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊
စီမံရေးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်။
၅။ ဆက်သွယ်ရန်ဖုန်း ၀၆၇-၄၀၉၆၂၉၊ ၀၆၇-၄၀၉၆၃၀