စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်တပ်ဆင်ခြင်း(Machine Installation)အပိုင်း(၂)အတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ အမှတ်(၈)စက်မှုသင်တန်းကျောင်း(သထုံ)စီံမံကိန်းတွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်(အခြား)၏ ခွင့်ပြုရန်ပုံငေွဖြင့် စက်တပ်ဆင်ခြင်း (Machine Installation) အပိုင်း(၂) လုပ်ငန်းဆောင်ရွက်ရန်ရှိပါသဖြင့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် Lot အမည် လုပ်ငန်းအမည်
(က) Lot -1 စက်တပ်ဆင်ခြင်း(Machine Installation) အပိုင်း(၂)
တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၉ . ၄ . ၂၀၂၁
တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၃ . ၄ . ၂၀၂၁(၁၆:၀၀) နာရီ
တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
ရုံးအမှတ် (၃၀)၊ နေပြည်တော်
၂။ စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက စုံစမ်းနိုင်ပါသည်။
သင်တန်းကျောင်းများကြီးကြပ်ရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း- ၀၆၇ ၄၀၅၀၅၁