စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အောက်ရှိ စာချုပ်စာတမ်းများစိစစ်ရေးဌာနမှ ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် (ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေပါ အောက်ဖော်ပြပါ ဓာတ်ခွဲခန်းအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန်ရှိပါသဖြင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် | လုပ်ငန်းတည်နေရာ | လုပ်ငန်းအမည် |
Lot-7 | အင်းစိန်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး |
ဓာတ်ခွဲခန်းအဆောက်အဦ (၁၆၀'x၉၀'x၃၀') RC(၂)ထပ်(၁)လုံးနှင့်ဆက်စပ်လုပ်ငန်းများ |
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၁၀ . ၁၀ . ၂၀၂၀
(ခ ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၇ . ၁၂ . ၂၀၂၀ (၁၆:၀၀) နာရီ
(ဂ ) တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
ရုံးအမှတ် (၃၀)၊ နေပြည်တော်
၂။ စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
စာချုပ်စာတမ်းများစိစစ်ရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း- ၀၆၇-၃၄၀၅၂၃၁
၀၆၇−၃၄၀၅၀၆၁