THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF PLANNING FINANCE AND INDUSTRY

MYANMAR INDUSTRY PORTAL

Resources are Limited. Creativity is Unlimited.
  • Home Announcements News စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိ...

စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Mon 09-11-2020 Directorate of Industrial Supervision and Inspection

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်−

Item လုပ်ငန်းတည်နေရာ လုပ်ငန်းအမည်
Lot 1 ပဲခူးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပဲခူးမြို့။ ပဲခူးတိုင်းဒေသကြီး၊ တိုင်းရုံး RC (၂)ထပ်ဆောက်လုပ်ခြင်း (၆၈' x ၅၀' x ၂၂') (ရေ၊ မီး၊ မိလ္လာအပါအဝင်)
Lot 2 တောင်ငူခရိုင်ရုံး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တောင်ငူမြို့။ တောင်ငူခရိုင်၊ ဝန်ထမ်းအိမ်ရာ RC (၂)ခန်းတွဲ (၃)ထပ် (၅၈' x ၃၃' x ၃၂')ဆောက်လုပ်ခြင်း၊ (ရေ၊ မီး၊ မိလ္လာအပါအဝင်)
Lot 3 လားရှိုးခရိုင်ရုံး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ လားရှိုးမြို့။ လားရှိုးခရိုင်ရုံး၊ ဝန်ထမ်းအိမ်ရာ (၃)ခန်းတွဲ RC (၂)ထပ် (၇၆' x ၃၆' x ၂၂')ဆောက်လုပ်ခြင်း၊ (ရေ၊ မီး၊ မိလ္လာအပါအဝင်)

၂။    (က)   တင်ဒါစတင်ရောင်းချမည့်ရက်၊ အချိန်    − (၁၆.၁၁.၂၀၂၀)ရက် နံနက်(၀၉:၃၀)နာရီ
       (ခ)    တင်ဒါပိတ်မည့်ရက်၊ အချိန်                   − (၇.၁၂.၂၀၂၀)ရက် (၁၆:၃၀)နာရီ
       (ဂ)    တင်ဒါတင်သွင်းရမည့်နေရာ                  −    ရုံးအမှတ်(၃၇)၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်
၃။    အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ်(၃၇)နေပြည်တော်၌ ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇- ၄၀၈၂၉၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ 
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန


Top