စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်နှင့်စက်ပစ္စည်းများဝယ်ယူခြင်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အောက်ရှိ စာချုပ်စာတမ်းများစိစစ်ရေးဌာနမှ ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် (စက်နှင့်စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေမှ အောက်ဖော်ပြပါ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများ ဝယ်ယူရန်ရှိပါသဖြင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် | စက်ပစ္စည်းအမျိုးအမည် | အရေအတွက် |
1 | AAS Hydride Generators (Hydride System) & Hollow Cathode Lamps and their Standard Solution | 1 No |
2 | Gas Chromatography/ Mass Spectrometer (GC-MS), Library for Mass Spectral, Auto Sampler | 1 Lot |
3 | Fourier Transform Infra-Red Spectrophotometer (FT-IR) with Solid, Liquid Complete Set | 1 Lot |
4 | X-ray Diffractometer Spectrometer Emma (XRD) | 1 Lot |
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၂၆ . ၁၀ . ၂၀၂၀
(ခ ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၆ . ၁၁ . ၂၀၂၀ (၁၆:၀၀) နာရီ
(ဂ ) တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
ရုံးအမှတ် (၃၀)၊ နေပြည်တော်
၂။ စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
စာချုပ်စာတမ်းများစိစစ်ရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း- ၀၆၇ ၃၄၀၅၂၃၁